သားကိုကိုက်ချီသွားတဲ့ ကျားသစ်ကို သတ္တိအပြည့်နဲ့ ပြန်ပြီးတိုက်ခိုက်ခဲ့တဲ့မိခင်

မိခင်မေတ္တာဆိုတာ အားလုံးထက်ကြီးမြတ်ပြီး အားလုံးထက်လည်း သာလွန်ပါတယ်။ သားတွေအပေါ်သမီးတွေအပေါ်မှာမိခင်တစ်ယောက် ထားရှိတဲ့မေတ္တာဟာ အနန္တတံတိုင်းအထိ ကျော်လွန်ရောက်ရှိနိုင်ပြီး အန္တရာယ်အားလုံးကို ကျော်ဖြတ်စေနိုင်တဲ့ အထက်မြတ်ဆုံးသော လက်နက်လည်းဖြစ်ပါတယ်။ အခုဖော်ပြချင်တာကတော့မိခင်တစ်ယောက်ဟာသားကိုကိုက်ချီပြေးတဲ့ကျားသစ်ရဲ့နောက်ကိုသည်းကြီးမဲကြီးလိုက်လံတိုက်ခိုက်ခဲ့ပြီး သားဖြစ်သူကို မိခင်မေတ္တာစိတ်အပြည့်နဲ့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ တကယ့်ကို အာဂမိခင်တစ်ယောက်ပါ။ သူမဟာ ကျားသစ်ကပြန်တိုက်ခိုက်လို့ ရတဲ့ဒဏ်ရာတွေကိုပင် အမှုမထားနိုင်အား ကလေးကိုရအောင်ကယ်ဆယ် ပွေ့ချီပြေးလာခဲ့တာပါ။ မိခင်ရဲ့အမည်ကတော့ Kiran ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ၊ Madhya Pradesh ပြည်နယ်၊ Badi Jhiriva အမည်ရရွာလေးမှာနေထိုင်သူပါ။ သူမရဲ့သားလေးအမည်ကတော့ Rahul ဖြစ်ပြီး၊ အသက်(၆)နှစ်ပါ။ ကလေးဟာ မီးဖိုးဘေးမှာ မီးလှုံနေစဉ် ကျားသစ်က ဝင်ဆွဲခဲ့တာပါ။ အဲဒီရွာလေးဟာ Sanjay Gandhi National Parkလို့ခေါ်တဲ့သားရိုင်းဘေးမဲ့တောနဲ့လည်း နီးပါတယ်။ ရွာထဲမှာကျွဲတွေနွားတွေဟာ မကြာခဏ တောကောင်ကြီးတွေက နှောက်ယှက်လေ့ရှိပါတယ်။ အခုလည်း မိခင် … Read more

ချိန်ခါမဟုတ် မိုးရွာနိုင်သည့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့ ခန့်မှန်းချက်….

မိုးရွာနိုင်သည့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ.. တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း ကယားပြည်နယ် ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ၎င်းဒေသတွေမှာမိုးရွာနိုင်သဖြင့်ရိတ်သိမ်းအခြောက်လှမ်းနေကြသူများနှင့် ဆောင်းသီးနှံစိုက်ပျိုးကြမည့်သူများ အထူးသတိထားကြပါ တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ နိုဝင်ဘာ ၁၆ ရက်ကနေ ၂၀ ရက်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်တယ် ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်က လေနွေးတွေနဲ့..တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်း ဒေသက ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံမှုကြောင့်နဲ့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့မှာ လေထုမငြိမ်မသက်မှုတွေ ဖြစ်ပေါ်နေတာတွေကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင် တာဖြစ်တယ်လို့ဆိုပါတယ်။ တနင်္သာရီတိုင်းဒေသကြီး..၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်း၊ ကယားပြည်နယ်တို့မှာ နေရာကွက်ကျားကနေ နေရာကျဲကျဲမိုးထစ်ချုန်းရွာသွန်းနိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် အချိန်အခါမဟုတ်မိုးရွာသွန်းတာနဲ့အတူ … Read more

အိမ်မြောင်တွေစုတ်ထိုးတာနဲ့ ပက်သတ်ပြီး သိသင့်သော ဗဟုသုတများ…

အိမ်မြောင်ဆိုတဲ့ တွားသွားသတ္တဝါငယ်ဟာ နေအိမ်တော်တော်များများမှာ ရှိနေတတ်တဲ့ တိရစ္ဆာန်ငယ်လေး ဖြစ်ပါတယ်။ အိမ်မြောင် စုတ်ထိုးသံကြားရတဲ့အခါအများစုက မသိသလိုပဲ နေတတ်ကြပါတယ်။တစ်ချို့ကတော့ အိမ်မြောင်စုတ်ထိုးရာမှာ စုတ်ထိုးတဲ့ နေရာအပေါ် မူတည်ပြီး နိမိတ်ပြတာဖြစ်တယ်လို့ ဆိုကြ ပါတယ်။ ဒါဟာ မြန်မာတစ်နိုင်ငံတည်း မဟုတ်ပါဘူး။ အရှေ့တောင်အာရှ နိုင်ငံတော်တော်များများကလည်း ဒီလိုပဲ ယုံကြည်ထားကြပါတယ်။ ဖိလစ်ပိုင်မှာတော့ အိမ်မြောင် စုတ်ထိုးသံကြားရပြီ ဆိုရင်အန္တရာယ်များတဲ့လူ ဒါမှမဟုတ် စာ ရောက်လာတတ်တယ်လို့ ယုံကြည်ကြပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း အိမ်မြောင်ရဲ့အသံပြုသံ အသံပြုတဲ့ နေရာပေါ် မူတည်ပြီးကံဆိုးခြင်းနိမိတ်၊ ကံကောင်းခြင်းနိမိတ်ကို ခွဲခြားနိုင်တယ်လို့ ရှေးရာစုနှစ်ပေါင်းများစွာကတည်းက ယုံကြည် ထားကြပါတယ်။ ဒီယုံကြည်မှုဟာ အိန္ဒိယအပြင် ဘင်္ဂလားဒေ့ရှ်၊ နီပေါ စတဲ့ အိမ်နီးချင်း နိုင်ငံတွေမှာပါ တည်ရှိနေတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလည်းအိမ်မြောင်စုတ်ထိုးသံနဲ့ ပတ်သတ်ပြီး အတိတ်နမိတ်ကောက်တာတွေရှိကြ ပါတယ်။ လူနဲ့ နတ်တို့ရဲ့ဆက်သွယ်ရေး … Read more

ယနေ့ ကျပ် ၃ထောင်အောက်နဲ့ ရပ်တည်နေတဲ့ ဒေါ်လာဈေးနှင့် အကျဘက်ဦးတည်နေတဲ့ကမ္ဘာ့ရွှေဈေး

ယနေ့ ကျပ် ၃ထောင်အောက်နဲ့ ရပ်နေတည်တဲ့ ဒေါ်လာဈေးနှင့် အကျဘက်ဦးတည်နေတဲ့ကမ္ဘာ့ရွှေဈေး ၂၀၂၂ခုနှစ် နိုဝင်ဘာလ(17)ရက် ကြာသပတေးနေ့ မနက်ပိုင်းအချိန်ယနေ့ ပြင်ပဈေးကွက်တွင်းရှိ ဒေါ်လာငွေလဲလှယ်နှုန်းများကိုစုစည်းဖော်ပြပေးလိုက်ပါသည်။ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ-buy 2920 ကျပ်၊ Sell – 2950 ကျပ် စင်ကာပူဒေါ်လာ -buy 2070 ကျပ်၊ Sell -2140ကျပ် ဂျပန်ယန်း – buy 19 ကျပ်၊ Sell 22 ကျပ် ယူရို – buy 2870ကျပ်၊ Sell 2950 ကျပ် ထိုင်းဘတ်ငွေ – buy 80 ကျပ်၊ Sell 82 ကျပ် တရုတ်ယွမ် -buy 380 ကျပ်၊ Sell 420 … Read more

လူချစ်လူခင်ပေါများတဲ့ သူတွေမှာ တွေရလေ့ရှိတဲ့… အကျင့် (၉) မျိုး

(၁) ဖြတ်မပြောပဲ နားထောင်ခြင်း သူတို့တွေက သင်စကားပြောနေရင်… ဘယ်တော့မှ ဖြတ်ပြောလေ့ မရှိပါဘူး။ သင့်ခံစားချက်တွေကို အမှန်တကယ် စိတ်ရင်းနဲ့ သေသေချာချာကို နားထောင်ပါတယ်။ သင်ပြောတာကို စိတ်ရှည်ရှည်နဲ့ ပြီးဆုံးတဲ့အထိ နားထောင်လေ့ ရှိပါတယ်။ (၂) လှိုက်လှိုက်လှဲလှဲ ပြုံးလေ့ ရှိခြင်း လှိုက်လှိုက်လှဲလှဲ ပြုံးပြခြင်းက လူသားအားလုံးကို နွေးထွေး စေပါတယ်။ ဒါကို သူတို့က ကောင်းကောင်းကြီး သဘောပေါက်တဲ့အပြင် အသုံးလည်း အသုံးချတတ် ပါတယ်။ (၃) အမိန့်ပေးသော ပုံစံဖြင့် စကားမပြောခြင်း သူတို့က ဘယ်တော့မှ အမိန့်ပေးတဲ့ ပုံစံနဲ့ စကားပြောလေ့ မရှိပါဘူး။ သူများလည်း ပြန်ပြောလို့ရအောင် လမ်းခင်း ပေးထားပါတယ်။ သူတို့ရဲ့ အသံကိုက နွေးထွေးမှု ရှိ ပါ တယ်။ (၄) … Read more

မိန်းမရဲ့ ဆေးတွေ အမြဲခိုးသောက်နေတဲ့ ယောက်ျားရဲ့ စိတ်မကောင်းဖွယ်ရာ အဖြစ်

“မောင်ရေ လာပါဦး။ ဒီမှာ သားလေးက ကျွန်မသောက်နေကျ အမျိုးသမီးအားဆေးတွေ သူ သောက်မယ်ချည်းလုပ်နေတယ်။ ပြောလို့လည်းမရဘူး” ကိုသာအေးက သူ့မိန်းမကို အသာနေဆိုသည့်သဘောဖြင့် လက်ကာပြလိုက်ပြီး သားဖြစ်သူကို “သားသား” “ဂျာဂျာ့” “အဲတာ မေမေ့ဆေးတွေလေသားရဲ့” “မေကြီးက တူတစ်ယောက်တည်း တောက်နေတယ်။ တားတားရဲ တောက်ချင်တာပေါ့ရို့” “အဲဒီဆေးက ယောင်္ကျားတွေသောက်လို့မရဘူးသားရဲ့” “တောက်မိရင် ဘာဖြစ်ရဲ” “သောက်မိသွားရင် ဟောဒီက သားသားရွှေပန်းလေး တဖြည်းဖြည်း သေးသွားပြီး အပ်ချည်မျှင်လောက်ပဲ ရှိတော့မှာ” ကိုသာအေးက သားငယ်ရွှေပန်းလေးကို လက်နဲ့တို့ပြီးပြောလိုက်တော့ သားဖြစ်သူ မျက်လုံးပြူးသွားတယ်…။ “ဟင် ဂယ်ဂျီးယား” “တကယ်ပေါ့ သားသားရဲ့” “အာ့ဆို တောက်တော့ဝူး ရော့” သားငယ်က ကြောက်ကြောက်ရွံ့ရွံ့ဖြင့် သူ့လက်ထဲကဆေးပုလင်းကို ကိုသာအေးထံ ပေးလိုက်သည်။ ကိုသာအေးက သားငယ်ထံမှဆေးပုလင်းကိုယူပြီး အောင်နိုင်သူတစ်ယောက်၏ အပြုံးမျိုးဖြင့် … Read more

မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး မလေးရှားထီ မြန်မာကျပ်ငွေ သိန်း ၁၂၀၀ ကျော်ကံထူး

မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး မလေးရှားထီ မြန်မာကျပ်ငွေ သိန်း ၁၂၀၀ ကျော်ကံထူး နိုဝင်ဘာ ၁၇ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံတစ်ဦး မလေးရှာထီ ကံထူးခဲ့တယ်လို့ မလေးရှားနိုင်ငံ အခြေစိုက် နှလုံးလှ ပရဟိတ အသင်းက လူမှုကွန်ရက်စာမျက်နှာ ဖေ့ဘွတ်မှာ နိုဝင်ဘာ ၁၆ ရက်က ရေးသားထားပါတယ်။ ကံထူးရှင်ကတော့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ဖြစ်တယ်လို့ သိရပါတယ်။ မလေး ၆ လုံးထီ ၂ ကျပ်ဖိုး ကံထူးပြီး မြန်မာကျပ်ငွေ သိန်း ၁၂၀၀ ကျော်ရရှိခဲ့ပြီး နှလုံးလှပရဟိတအသင်းရဲ့ ပရဟိတကိစ္စတွေအသုံးပြုနိုင်ဖို့ ရင်းဂစ် ( ၅၀၀၀ )ကို လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း အုတ်ဖိုမြို့နယ်က ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မလေးရှားထီ ပထမဆုကံထူးပြီး မြန်မာကျပ်ငွေ … Read more

ဖခင်ဖြစ်သူမှရုပ်ဆိုးသလောက် သမီးလေးမှာ အရမ်းချောမောလှပနေ၍ မသင်္ကာပဲ DNAစစ်ကြည့်လိုက်ရာမှ

တရုတ်နိုင်ငံမှ အသက်၅နှစ်အရွယ် ကလေးမလေးသည်မိဘနှစ်ပါးလုံးနှင့် ရုပ်ချင်းမတူသည့်အပြင် ချောမောလှပနေတာကြောင့် သံသယများစွာနဲ့ ဖခင်ဖြစ်သူမှ DNAစစ်ကြည့်ခဲ့ရာမှ အလွန်အမင်း အံ့သြသွားခဲ့ရသည်။ သမီးလေးသည် လှပသော မျက်လုံးလေးတွေကို ပိုင်ဆိုင်ထားပြီးချစ်စရာကောင်းလွန်းသည့်အတွက်ပတ်ဝန်းကျင်မှ သဘာဝအလှတရားဆိုပြီး ချီးမွမ်းခဲ့ကြရာ ဖခင်ဖြစ်သူမှရုပ်ဆိုးလွန်းတာကြောင့် ဆေးရုံတစ်ခုတွင်DNAစစ်ဆေးကြည့်ခဲ့ရာ သမီးလေးမှာထင်ထားသည့်အတိုင်း သွေးသားရင်းချာမဟုတ်ခဲ့ပေ။ အမျိုးသားလည်း စိတ်တိုတိုနဲ့ အိမ်ပြန်လာပြီး ဇနီးဖြစ်သူအား မေးမြန်းခဲ့ရာ ရည်းစားပင်မထားခဲ့ဖူးကြောင်းဆိုခဲ့၍ ဇနီးဖြစ်သူကိုပါ DNAစစ်ကြည့်လိုက်ခဲ့ချိန်မှာတော့ ချောမောလှပလွန်းသည့် သမီးလေးဟာ သူတို့နဲ့သွေးသားတော်စပ်မှု လုံးဝမရှိကြောင်းကို သိခဲ့ရသည်။ ဇနီးဖြစ်သူမှာ သူတို့ရဲ့ပထမဆုံးရင်သွေးလေးအား ဆေးရုံတွင် မွေးဖွားခဲ့ရာ ကလေးတွေကို ဆေးစစ်ကြည့်ရာတွင် သူနာပြုဆရာမတို့မှ ကလေးများစွာကို တစ်နေရာထဲတွင် မည်သည့်အမှတ်အသားမှမလုပ်ပဲ အတူထားရှိခြင်းဖြင့် ကလေးချင်းလွဲသွားကြောင်း သိခဲ့ရသည်။ Credit unicode တရုတ်နိုင်ငံမှ အသက်၅နှစ်အရွယ် ကလေးမလေးသည်မိဘနှစ်ပါးလုံးနှင့် ရုပ်ချင်းမတူသည့်အပြင် ချောမောလှပနေတာကြောင့် သံသယများစွာနဲ့ ဖခင်ဖြစ်သူမှ … Read more

ရန်ကုန် မြို့နယ်တွေကို ၄ နာရီခြားစီ မီးဖြတ်မယ့် အစီအစဉ်…

ရန်ကုန် မြို့နယ်တွေကို ၄ နာရီခြားစီ မီးဖြတ်မယ့် အစီအစဉ်… ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ခရိုင် (၃) ခုကို အုပ်စု (၂) ခုခွဲကာ (၄) နာရီစီ မီးအလှည့်ကျပေးနိုင်ရန် စမ်းသပ်စီစဉ်နေကြောင်း ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေး ကော်ပို ရေးရှင်း (YESC) မှ သိရပါတယ်။ ရန်ကုန်တိုင်းအတွင်း (၄) နာရီခြား တစ်ကြိမ်စီ မီးအလှည့် ကျပေးရန်စီစဉ်နေသည်ဆိုသည့် သတင်းနှင့် ပတ်သက် ၍ YESC မှ တာဝန်ရှိသူက ပြောကြားမှုကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်- “အကြမ်းဖျဉ်း ပြောလို့ရတာက အနောက်ပိုင်းကို ဦးစား ပေးပြီးတော့ ကျန်တဲ့ တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့ပိုင်း မြို့နယ်တွေကို မနက် (၉) နာရီကနေ ညနေ (၅) နာရီအထိပေါ့ဗျာ။ အုပ်စု … Read more

ဆရာအကြည်တော်ရဲ့ အုတ်ဂူပေါ်က အငြင်းပွားဖွယ်ဖြစ်နေတဲ့ အချက် တချက်

ပြည်သူ့ အချစ်တော် နိုင်ငံကျော် စာရေးဆရာ အကြည်တော်ရဲ့ အုတ်ဂူ အပြီးသတ် ပြီးဆုံးသွား၍ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းမှာ မိသားစုဝင်များထံ လွှဲပြောင်းပေးအပ်နှံ ခဲ့တယ်လို့ သိရပါတယ်။ ဆရာ အကြည်တော် လဲလျောင်းရာ အုတ်ဂူကို ရိုးရိုးရှင်းရှင်း ပုံစံနဲ့ တည်ဆောက်ထားပြီး ဆရာ့ရဲ့ နာမည်ကျော် စကားတခု ဖြစ်တဲ့ “ဒုက္ခဆိုတာ နောင်တချိန် ဖြစ်လာမယ့် ဟာသပါ” ဆိုတဲ့ စကားကို ရေးထိုးထားပါတယ်။ ဆရာ့ရဲ့ နာမည်ကျော် စကားဟာ မှန်ပေမယ့် အုတ်ဂူမှာ ရေးထိုးပေးတဲ့သူကတော့ သတ်ပုံမှားနေခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာစာမှာ “မဲ့” နဲ့ “မယ့်” စကားလုံးတွေဟာ အသံထွက်ပုံ တူပေမယ့် သုံးတဲ့ အကြောင်းအရာတွေ … Read more