သောကြာသားသမီးများအတွက် ဘဝတစ်သက်စာ ဟောစာတမ်း နှင့် ယတြာများ။။ မိမိတို့ရဲ့ အသက်အပိုင်းခြားကို ကြည့်ပြီး အဟောကို ဖတ်ပါလေ။ ညံ့တဲ့နှစ်တွေမှာ ချေရမယ့် ယတြာကိုပါ ဖော်ပြပေးထားပါတယ်။ ကောင်းတဲ့ နှစ်တွေမှာလည်း ကောင်းသထက် ကောင်းစေဖို့ ချေရမယ့် ယတြာတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ သောကြာသားသမီး ဖြစ်သောသင်သည် အသက်..၁၊၉၊၁၇၊၂၅၊၃၃၊၄၁၊၄၉၊၅၇၊၆၅၊၇၃၊၈၁၊ ၈၉၊၉၇၊၁၀၅ နှစ် အတွင်း၌ သောကြာသက်ရောက် ဖြစ်၏…. သင်သည် ယခုနှစ်ပိုင်းအတွင်း မိဘကို ကောင်းစွာ ပြုစုစောင့်ရှောက်နိုင်မည့် အချိန်ဖြစ်၏။စီးပွား သိသိသာသာ တက်မည်။သိကြား မလိုက်သကဲ့သို့ လက်ရှိအခြေအနေထက်များစွာမြင့်တက်သွားမည်။လုပ်ငန်းများ သိသိသာသာ အောင်မြင်မှုရမည်။ ဘုရားဖူးခရီးများ စိတ်ချမ်းသာခရီးများ ပြည်တွင်ပြည်ပ ခရီးများသွားရတတ်၏။ဝန်ထမ်းဖြစ်လျှင် ရာထူး တတ်ခြင်း၊အခြေအနေ အဆင့်အတန်း မြင့်မားခြင်းများကြုံမည်။သင်တန်းတစ်ခုတက်ရခြင်း၊ပညာကောင်းရခြင်းများကြုံမည်။မိတ်ဆွေကောင်း၊ဆရာကောင်းများ တွေ့မည်။ အဖိုးတန် ပစ္စည်းများဝင်မည်။မြေကိစ္စ အမွေကိစ္စ အဆင်ပြေမည်။ငွေရှာရလွယ်ခြင်း၊ငွေအဝင်အထွက်ကြမ်းခြင်းများကြုံလိမ့်မည်။ရပ်ဝေးမှ စာများ၊အဆက်အသွယ်များ […]
Day: December 3, 2022
မနက်မိုးလင်းတိုင်း ရွတ်ဖတ်သင့်တဲ့ ငွေတွေ ထိန်းမနိုင်အောင်ဝင်တဲ့ လာဘ်ပွင့်ဂါထာတော်ကြီး…
မနက်မိုးလင်းတိုင်းရွတ်ဖတ်ပူဇော်ပေးရုံဖြင့် လာဘ် လာဘပွင့်လန်းလာစေသည့် လာဘ်နှံးဂါထာ တော်လာဘ်ပိတ်လာဘ်တိတ်နေသူများအတွက် ရွတ်ဖတ်ပူဇော်ပေးရုံဖြင့်လာဘ်လာဘပွင့်လန်းလာ စေတဲ့လာဘ်နှိုးဂါထာတော်ကြီးကိုဖော်ပြပေးလိုက်ပါတယ် လူတိုင်းနီးပါးလာဘ်ပွင့် လာဘ်ရွှင်ဂါထာတို့ငွေဝင်ဂါထာ တို့ပဲရွတ်ဆိုနေကြ ပြီးလာဘ်ကိုချိုးပေးဖို့မေ့နေတတ်ကြပါတယ်ဒါ ကြောင့်လာဘ်လာဘငွေကြေးတွေကဝင်သင့် သလောက်မဝင်တော့ဘူးပေါ့ ရွတ်ဆို ပုံကတော့မနက်အိပ်ယာထမျက်နှာသစ်ပြီး တာနဲ့ပိုက်ဆံအိတ်ကိုကိုင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို အာရုံပြုပြီး ၁။နမော ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ကို၃ခေါက်ရွတ်ဆိုပါ။ ၂။သရဏဂုံ၃ပါးကိုတစ်ခေါက်ရွတ်ဆိုပါ။ ၃။ပြီးရင်တော့အခုပြောတဲ့ လာဘ်နှိုးဂါထာကို၂၇ခေါက်ရွတ်ဆိုရပါမယ်။ လာဘ် နှိုးဂါထာတော် သိဒ္ဓိတေဇာ သိဒ္ဓိဝရာသိဒ္ဓိဇေယျာ သိဒ္ဓိကပ္ပါသတ္ထု ပူဇာ လာဘဝရာ သဗ္ဗေပိယာ ဘဝတု မေဒါ ဆိုကိုယ့်အတွက် ကိုယ်ပိုင်ဆိုင်ရမယ့်ကိုယ်ပိုင်ဆိုင်ခွင့်ရှိတဲ့လာဘ်ကိုနိုးပြီးပါပြီ။ လာဘ်ပွင့်ဂါထာတို့လာဘ် ခေါ်ဂါထာတို့ငွေရဂါထာတို့ နှစ်သက်ရာထပ်ပြီးရွတ်တော့ပေါ့ နေ့စဉ် မပျက်မကွက် ဆောင်ရွက်ပါက(၇)ရက်အတွင်း ထူးခြားသိသာလာပါလိမ့်မယ်သတိပြုရမှာ ကလာဘ်ချိုးပြီးမှလာဘ်ခေါ်ပါလာဘ်နှိုးဂါထာတော် ကြီးရွတ်ပြီးရင်လာဘ်ခေါ် လာဘ်ပွင့်လာဘ်ရွှင်ဂါထာ တခုခုတော့ရွတ်ဆိုပေးရမှာဖြစ်ပါတယ်မေ့တ္တာဖြင့် မျှဝေလိုက်ပါတယ်။ crd zawgyi မနက်မိုးလင်းတိုင်းရွတ်ဖတ်ပူဇော်ပေးရုံဖြင့် လာဘ် […]
ညကြီးအချိန်မတော် လင်မယားနှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်ကို မသင်္ကာလို့ ရှာဖွေကြည့်လိုက်တဲ့အခါ
.ညကြီး အချိန်မတော် လင်မယား နှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်ကို မသင်္ကာလို့ ရှာဖွေ ကြည့်လိုက်တဲ့အခါ… သနားစရာ ယောက်ျားရဲ့အဖြစ်…. အရမ်းကိုယ်ချင်းစာ သနားမိရတဲ့ ကိုယ်တွေ့ အဖြစ်အပျက်လေး တစ်ခုပါ… အလုပ်ကပြန်လာ ပုံရပါတယ်….. ယောက်ျားကို ကြည့်လိုက်တော့ နောက်ကို ကြောက်ကြောက်လန့်လန့်နဲ့ ပြန်ကြည့်တယ်… ကျတော်တို့လဲ ဒီလူ သိပ်ရိုးပုံ မရဘူး ဆိုပြီး ဆိုင်ကယ်ကို ရပ်ခိုင်းပြီး တားလိုက်တယ်… “စိတ်မကောင်းပါဘူးဗျာ ဆိုင်ကယ် Tool box လေးဖွင့်ပြပါ ရှာပါရစေဆိုတော့”ဖွင့်ပြတယ် … ပုဆိုးစလေးနဲ့ပတ်ထားတဲ့အထုပ်လေးဖွင့်ကြည့်မယ်လုပ်တော့ အတင်းပြန်ဆွဲလုတယ်… ကိုယ်တွေလဲ ဘာရမလဲ မူးယစ်ဆေးဝါးဖြစ်မယ်ဆိုပြီး ပြန်ဆွဲယူပြီးဖြည်ကြည့်လိုက်တော့မှ တစ်သောင်းတန်လေးတွေကျစ်နေအောင်လိပ်ထားတာ ဥပဒေနဲ့မလွတ်ကင်းတာဘာမှမပါရှာပါဘူး …. ဘာလို့မျက်စိမျက်နှာပျက်နေလဲဆိုပြီး စဉ်းစားနေတုန်း နောက်ကပါလာတဲ့သူ့မိန်းမက အဲ့ပိုက်ဆံက ဘာလုပ်တာလဲပေးဆိုပြီး… အိတ်ထဲ ဆောင့်ကြီးအောင့်ကြီးနဲ့ နဂါးမျက်စောင်းလို ယောက်ျားဖြစ်သူကို […]
ရုတ်တရက်လေပြင်းတိုက်ခတ်ခြင်းမိုးကြီးခြင်းတွေဖြစ်လာနိုင်သည့်နေ့ရက်များခန့်မှန်းပေးလိုက်တဲ့မိုဇလပညာရှင်စုစုစံ
၂၀၂၂ ဒီဇင်ဘာလ ၄ရက်နေ့ ၅ရက်နေ့တွေမှာ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ရုတ်တရက်လေပြင်းတိုက်ခတ်ခြင်းမိုးကြီးခြင်းတွေဖြစ်နိုင်သဖြင့် ပင်လယ်အတွင်းငါးဖမ်းထွက်ခြင်း လှေသင်္ဘောများသွားလာခြင်းမပြုလုပ်သင့်ပါဘူး ISSUED TIME 03/12/2022 AT 12:42PM(MMT) မင်း ဂွတ် သီး Su Su San 03/12/2022 ၂၀၂၂ ဒီဇင်ဘာလ ၅ရက်နေ့ ၆ရက်နေ့တွေမှာ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် မုန်တိုင်ငယ်အဆင့် Depression or Deep Depression or cyclonic storm ဖြစ်ပေါ်လာနိုင်ပါတယ် အနောက်ဖက်သို့ရွှေ့လျှားဖွယ်ရှိပြီး မြန်မာနိုင်ငံဖက်ဦးတည်ဖွယ်မရှိသော်လည်း အချိန်ပြည့်နီးပါး စောင့်ကြည့် ထောက်လှမ်းနေရပါဦးမယ် ISSUED TIME 03/12/2022 AT 12:18PM(MMT) မင်း ဂွတ် သီး Su Su San zawgyi ဖြင့် ဖတ်ရန် […]
CB ဘဏ်ရဲ့ ATM စက်တွေမှာ အခြားဘဏ်တွေရဲ့ ATM ကဒ်နဲ့ ငွေသားထုတ်ယူနိုင်ပြီဟုဆို
CB ဘဏ်ရဲ့ ATM စက်တွေမှာ အခြားဘဏ်တွေရဲ့ ATM ကဒ်နဲ့ ငွေသားထုတ်ယူနိုင်ပြီဟုဆို ဒီဇင်ဘာ ၁ ရက် ယနေ့မှ စတင်ပြီး CB ဘဏ်ရဲ့ ATM စက်တွေမှာ အခြားမည်သည့်ဘဏ်တွေရဲ့ ATM ကဒ်နဲ့ မဆို ငွေသားထုတ်ယူနိုင်ပြီလို့ CB ဘဏ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှတဆင့် အသိပေးကြေညာထားတာတွေ့ရပါတယ်။ ထုတ်ပြန်ချက်အရ အခြားသော မည်သည့်ဘဏ်ရဲ့ MPU Debit ကတ်မဆို ၁ ရက်လျှင် ငွေသား ၃ သိန်းထုတ်ယူနိုင်မှာပြီး တပတ်လျှင် ၅ သိန်းကျပ်ထိ ထုတ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အခြားသော ဘဏ်တွေရဲ့ ATM ကတ်တွေနဲ့ CB ဘဏ်ရဲ့ ATM စက်တွေမှာ ငွေသားထုတ်ယူတဲ့အခါ ဝန်ဆောင်ခအနေနဲ့ ဘယ်လိုနှုန်းထားဖြင့် ကောက်ခံသွားမယ်ဆိုတာမျိုးတော့ အတိအကျထုတ်ပြန်ထားတာ […]
ယနေ့ ဒီဇင်ဘာ ၃ ရက် (စနေနေ့) ပြင်ပ ရွှေစျေး၊ ဒေါ်လာစျေး၊ ကမ္ဘာ့ရွှေစျေး၊ စက်သုံးဆီစျေး
ယနေ့ ဒီဇင်ဘာ ၃ ရက် (စနေနေ့) ပြင်ပ ရွှေစျေး၊ ဒေါ်လာစျေး၊ ကမ္ဘာ့ရွှေစျေး၊ စက်သုံးဆီစျေး ယနေ့ ဒီဇင်ဘာ ၃ ရက် (စနေနေ့) အတွက် ပြင်ပစျေးကွက်အတွင်းရှိ ရွှေစျေး၊ ဒေါ်လာစျေး၊ ကမ္ဘာ့ရွှေစျေး၊ စက်သုံးဆီစျေးနှုန်းတို့ကို ဖော်ပြပေးလိုက်ပါတယ်။ ပြင်ပ ငွေလဲနှုန်းများ USD =2845~2865 (ဒေါ်လာ) Euro = 2900~2950 (ယူရို) SGD = 2060~2110 (စင်္ကာပူဒေါ်လာ) CNY = 395~415 (တရုတ်ယွမ်) THB = 80.5~81.5 (ထိုင်းဘတ်) MYR = 625~650 (မလေးရင်းဂစ်) JPY = 19.5 ~21.5 (ဂျပန်ယန်း) ကမ္ဘာ့ရွှေစျေး တအောင်စ − […]
အင်္ဂလိပ်လိုရေးပေးတဲ့ ရည်းစားစာကို ၈ တန်း ဒုတိယနှစ်ကျောင်းသားကို ဘာသာပြန် ခိုင်းသောအခါ
အင်္ဂလိပ်လိုရေးပေးတဲ့ ရည်းစားစာကို ၈ တန်း ဒုတိယနှစ်ကျောင်းသားကို ဘာသာပြန် ခိုင်းသောအခါ “အေးကြည်မ ရော့ ” “ဟဲ့ အဲဒါဘာတုန်း ” “ရည်းစားစာ ” “ဗုဒ္ဓေါ ” အေးကြည်မ က အံ့ဩလွန်းလို့ရင်ဘတ်ကိုဖိထားရတယ် ငြိမ်းမောင် ကတော့ ခပ်တည်တည်ပဲ “ယူလေ ” “အိ မယူပါဘူး ” “အင့်ဟာ ယူ ” ငြိမ်းမောင်က စာကိုအေးကြည်မလက်ထဲထိုးပေးပြီးပြန်သွားရော အေးကြည်မတစ်ယောက်လမ်းပေါ်မတ်တပ်ရပ်ပြီး ဘာလုပ်ရမှန်းမသိ ငူတူတူကြီးကျန်နေခဲ့ရော သိလည်း သိချင်သေး၍ စာကိုဖွင့်ကြည့်လိုက်လေတော့ “ကြည့် ငြိမ်းမောင်တော့ငါ့ကို ပညာပြသွားပြီ ” ရေးထားသည်က အင်္ဂလိပ်စာများဖြစ်သည် သူမလည်း မဖတ်တတ် မဖတ်တတ်၍ ပိုသိချင်လာသဖြင့် အိမ်ရောက်မှတူဖြစ်သူအားဖတ်ခိုင်းမည်ဟုကြံကာ အိမ်ပြန်လာခဲ့တော့သည် “တူလေး ဒါလေးဖတ်ပြ ” “ဘာလေးလဲ […]
(၂၄)နာရီအတွင်း မိုးရွာသွန်းမယ့် ဒေသများကို ပြောပြလာတဲ့ မိုးမင်းသမီးလေး စုစုစံ Hello december ၂၄နာရီအတွင်း ကချင်ပြည်နယ် မိုးညှင်းခရိုင် ဗန်းမော်ခရိုင် စစ်ကိုင်းတိုင်း / မကွေးတိုင်း / မန္တလေးတိုင်း နေပြည်တော် / ကယားပြည်နယ် ပဲခူးတိုင်း / ရန်ကုန်တိုင်း ဒေသတွေမှာ နေရာကွက်ကျားမိုးရွာနိုင်ပြီး မွန်ပြည်နယ် ကရင်ပြည်နယ် ရှမ်းပြည်နယ်ဒေသတွေမှာ မိုးရွာနိုင်ကာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်မှာ မိုးကြီးနိုင်ပါတယ် မင်းဂွတ်သီးလေးရဲ့ ရက်ဝေးရက်နီးခန့်မှန်းချက်များရေရှည်ရပ်တည်နိုင်ရန်အတွက် အောက်ဖော်ပြပါ အကောင့်မှာ စိတ်ချယုံကြည်စွာဖြင့်ထည့်ဝင်ပံပိုးကူညီနိုင်ပါတယ် kay pay U Htun Hla Aung 09792759477 KBZ Bank account 070 301 999 3194 0501 Wave Pay 09792759477 […]
Facebook တွင်တင်သမျှ Post များကို ဟဟ ပေးသည့်အမျိုးသားတစ်ဦးရဲ့ အဖြစ်
စစ်ကိုင်းမြို့ အုတ်စက်ရပ်ကွက်၌ ယမန်နေ့ ညပိုင်းက လူမှုကွန်ရက်စာမျက်နှာတွင် တင်သမျှ Post များကို ဟဟ လိုက်ပေးနေသည့် အမျိုးသားတစ်ဦး ဓားဖြင့်ထိုးခံရ၍ သေဆုံးခဲ့သည်ဟု မြို့ခံတွေဆီက သိရသည် စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်ကွက် အုတ်စက်ရပ်၌ ယမန်နေ့ည ရှစ်နာရီဝန်းကျင်က အမျိုးသားနှစ်ဦး အရက်အတူသောက်ကြရင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဟဟ ပေးသည့်ကိစ္စဖြင့် စကားများရန်ဖြစ်ကြရာမှ ဓားထိုးမှု့ဖြစ်ခဲ့သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည် ”မင်းက ဘာသဘောနဲ့ ငါpost တင်တိုင်း ဟဟ ပေးတာလဲဆိုပြီး ထိုးတဲ့သူက ပြောတာကို သေတဲ့သူကပြန်ပြောတယ် မင်းတင်တာတွေက ရယ်စရာပါလို့ ပြောလိုက်တာ အဲ့ဒီမှာတင် အောင်ကိုဇင်က နောက်တစ်ခါ မရယ်နိူင်အောင် လုပ်ပေးမယ်ဆိုပြီး ဓားနဲ့ထိုးလိုက်တာ”ဟု ရှင်းပြသည်သေဆုံးသူမှာ ကိုဖိုးသား(ခ)ကိုသန်းဇော်ဦး ဖြစ်ပြီး မိခင်ဖြစ်သူနှင့်ဇနီးဖြစ်သူကို လုပ်ကိုင် ကျွေးမွေးနေသူတစ်ဦး […]
ပြည်သူချစ် ဇာတ်မင်းသား ဖိုးချစ်နဲ့ သျှံထွဏ်း (မြန်မာစာ) တို့ အဖမ်းခံရဟု သတင်းထွက်ပေါ်
ပြည်သူတွေ အားပေးတဲ့ ဇာတ်မင်းသား မြို့ရွှေမန်းသား ဖိုးချစ်နဲ့ ဆရာဖြစ်သူ သျှံထွဏ်း (မြန်မာစာ) တို့ အဖမ်းခံလိုက်ရတယ်ဆိုတဲ့ သတင်းကို ဖော်ပြလိုက်ပါတယ်- ဖိုးချစ်နှင့် သျှံထွဏ်း (မြန်မာစာ) အဖမ်းခံရတယ်လို့ သိရပါတယ်။ သူတို့နှဏ်ယောက်ကို နိုဝင်ဘာလ ၃၀ ရက်နေ့ ၂၀၂၂ နေ့လည်အချိန်လောက်မှာ လာဖမ်းသွားတယ်ဟု ဆိုပါတယ်။ “ဖိုးချစ်နဲ့ သူ့ဆရာအဖမ်းခံလိုက်ရပြီ၊ သူတို့ ၃၀/၁၁/၂၀၂၂ ခုနှစ် နေ့လည်လောက်ကလာဖမ်းသွားတယ်။ ထောက်ပို့ကိစ္စနဲ့ လာဖမ်းသွားတယ်လို့ပြောကြတယ်။ ဒီသတင်းက အတိအကျဟုတ်၊ မဟုတ် ကျနော်လဲ စုံစမ်းနေတယ်။ တကယ်မဖြစ်ပါစေနဲ့လို့ ကျနော်လဲဆုတောင်းနေတယ်” ဟုအမည်မဖော်လိုတဲ့ ထိုင်းရောက်မြန်မာ ဆလီတစ်ယောက်ကပြောပါတယ်။ ဇာတ်မင်းသား ဖိုးချစ်နှင့် သျှံထွဏ်း( မြန်မာစာ) အဖမ်းခံရတဲ့သတင်းကို အတည်ပြုနိုင်ရန်အတွက် ဆက်လက်စုံစမ်းသွားပါမည်။ (ကိုချစ် ဇွဲကပင်မြေ)၊ အာဏာသိမ်းပြီးနောက်ပိုင်း ဇာတ်မင်းသား ဖိုးချစ်ဟာ […]