ကမ္ဘာနဲ့ အနီးကပ်ဆုံး ရောက်လာမယ့် အင်္ဂါဂြိုဟ် နှင့် အာကာသ ဖြစ်စဉ်များ
၂၀၂၂ ခု ဒီဇင်ဘာလအတွက် အာကာသဖြစ်စဉ်များ၊ နတ်တော်-ပြာသို (ဒီဇင်ဘာလ) အတွင်းမှာတော့ အင်္ဂါဂြိုဟ် (မားစ်) နဲ့ တနင်္လာဂြိုဟ် (လ) တို့ ပူးထပ်ခြင်း၊ ကြယ်မိုးတို့ဘုရင် ကြယ်ကြွေခြင်းဖြစ်စဉ်များနဲ့ ဒက္ခိဏ ယဉ်စွန်းခြင်းဖြစ်မည့် အချိန်များက စောင့်ကြိုနေကြပါတယ်။
အင်္ဂါဂြိုဟ် (မားစ်ဂြိုဟ်) ဟာ ဒီဇင်ဘာလ (၁) ရက်နေ့မှာ ကမ္ဘာနဲ့ အနီးဆုံး ပတ်လမ်းကြောင်းနေရာဖြစ်တဲ့ ၀.၅၄ နက္ခတ်ယူနစ် (မိုင်ပေါင်းသန်း ၅၀) အကွာအဝေးသို့ ရောက်ရှိလာမှာဖြစ်ပါတယ်။ ၄င်းအပြင် နတ်တော်လပြည့် (အမှန်) ဖြစ်တဲ့ ဒီဇင်ဘာလ (၈) ရက်မှာ နေနဲ့ ဆန့်ကျင်ဘက်အရပ်တည့်တည့်သို့ ရောက်ရှိလာမှာဖြစ်တဲ့အတွက် အနီရောင် အင်္ဂါဂြိုဟ်ကို ကျနော်တို့ တညလုံး လင်းလက်တောက်ပစွာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။
ပြိသရာသီမှာ ပြည့်မည့် နတ်တော်လပြည့်သည်လည်း အင်္ဂါဂြိုဟ်နှင့် တထပ်တည်း ကျရောက်နေခြင်းကြောင့် ဒီဇင်ဘာ (၈) ရက်နေ့ မှာ လဟာ အင်္ဂါဂြိုဟ်ကို ဖုံးကွယ်သွားမှာ ဖြစ်ပါတယ်။ (မြန်မာနိုင်ငံမှာတော့ လနှင့် ဂြိုဟ် နီးကပ်ခြင်းကိုသာ မြင်ရမှာဖြစ်ပြီး ဖုံးကွယ်ခြင်းဖြစ်စဉ်ကိုတော့ မမြင်ရနိုင်ပါ။)
ကြယ်မိုးတို့၏ ဘုရင်လို့ တင်စားခေါ်ဆိုလေ့ရှိတဲ့ မေထုန်ရာသီကြယ်မိုး (Geminid Meteor Shower) ကတော့ ဒီဇင်ဘာလ ၁၃ ည (၁၄ မနက်) မှာ အများဆုံး ကျဆင်းမှာဖြစ်ပါတယ်။ မေထုန်ရာသီဟာ လက်ရှိ အင်္ဂါဂြိုဟ်ရောက်နေတဲ့ ပြိသရာသီနဲ့ နီးလို့ ရှာဖွေရလွယ်ကူပါတယ်။ ပုံမှန်အားဖြင့် နံနက်ခင်း (၂) နာရီခန့်မှာ အများဆုံးကျဆင်းလေ့ရှိပြီး တစ်နာရီကို အလုံး ၁၂၀ ခန့် ကျဆင်းနိုင်ပါတယ်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၄ နာရီ ၁၃ မိနစ်မှာတော့ ကမ္ဘာ့ တောင်ယဉ်စွန်းတန်းပေါ်သို့ နေရောင်ခြည်တည့်မတ်စွာ ကျရောက်ခြင်းနှင့်အတူ ဆောင်းရာသီသို့ ကူးပြောင်းခြင်းဖြစ်စဉ် ဖြစ်ပေါ်မှာပါ။ ဒက္ခိဏ (တောင်) ယဉ်စွန်းခြင်း လို့လည်း ခေါ်ဆိုကြပါတယ်။ ကျနော်တို့ နေထိုင်ရာ မြောက်ကမ္ဘာခြမ်းမှာ နေ့တာတိုပြီး ညတာ ရှည်လာတော့မှာပါ။
အခြားဖြစ်စဉ်တွေမှာတော့ ညနေကြယ် (ဗီးနပ်စ်) (ခ) သောကြာဂြိုဟ်ဟာ နေ ရဲ့ အနောက်ဘက်ကနေ ပြန်ထွက်လာတော့မှာဖြစ်လို့ ဒီဇင်ဘာ လကုန်ရက်များမှာ ဗီးနပ်စ်ဂြိုဟ်ကို အနောက်အရပ်မှာ စ မြင်တွေ့ရတော့မှာပါ။
ညဦးပိုင်းအချိန်မှာ လင်းလက်စွာမြင်နေရတဲ့ ဂျူပီတာ (ခ) ကြာသပတေးဂြိုဟ် ကတော့ ဒီဇင်ဘာ ၂ ရက် နဲ့ ၂၉ ရက်တို့မှာ လ နဲ့ နီးကပ်စွာ ရှိနေပါမယ်။ ဗုဒ္ဓဟူးဂြိုဟ် (မာကျူရီ) ကိုလည်း ညနေခင်း နေဝင်ပြီးစ အချိန်များမှာ သောကြာဂြိုဟ် (ဗီးနပ်စ်) နှင့်အတူ အနောက်ဘက် မိုးကုတ်စက်ဝိုင်းထိပ်မှာ မြင်တွေ့ရနိုင်ပါတယ်။ အနာဂတ်ပညာရေးအတွက်.. သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)
crd
zawgyi
ကမာၻနဲ႔ အနီးကပ္ဆုံး ေရာက္လာမယ့္ အဂၤါၿဂိဳဟ္ ႏွင့္ အာကာသ ျဖစ္စဥ္မ်ား
၂၀၂၂ ခု ဒီဇင္ဘာလအတြက္ အာကာသျဖစ္စဥ္မ်ား၊ နတ္ေတာ္-ျပာသို (ဒီဇင္ဘာလ) အတြင္းမွာေတာ့ အဂၤါၿဂိဳဟ္ (မားစ္) နဲ႔ တနလၤာၿဂိဳဟ္ (လ) တို႔ ပူးထပ္ျခင္း၊ ၾကယ္မိုးတို႔ဘုရင္ ၾကယ္ေႂကြျခင္းျဖစ္စဥ္မ်ားနဲ႔ ဒကၡိဏ ယဥ္စြန္းျခင္းျဖစ္မည့္ အခ်ိန္မ်ားက ေစာင့္ႀကိဳေနၾကပါတယ္။
အဂၤါၿဂိဳဟ္ (မားစ္ၿဂိဳဟ္) ဟာ ဒီဇင္ဘာလ (၁) ရက္ေန႔မွာ ကမာၻနဲ႔ အနီးဆုံး ပတ္လမ္းေၾကာင္းေနရာျဖစ္တဲ့ ၀.၅၄ နကၡတ္ယူနစ္ (မိုင္ေပါင္းသန္း ၅၀) အကြာအေဝးသို႔ ေရာက္ရွိလာမွာျဖစ္ပါတယ္။ ၄င္းအျပင္ နတ္ေတာ္လျပည့္ (အမွန္) ျဖစ္တဲ့ ဒီဇင္ဘာလ (၈) ရက္မွာ ေနနဲ႔ ဆန္႔က်င္ဘက္အရပ္တည့္တည့္သို႔ ေရာက္ရွိလာမွာျဖစ္တဲ့အတြက္ အနီေရာင္ အဂၤါၿဂိဳဟ္ကို က်ေနာ္တို႔ တညလုံး လင္းလက္ေတာက္ပစြာ ေတြ႕ျမင္ၾကရမွာျဖစ္ပါတယ္။
ၿပိသရာသီမွာ ျပည့္မည့္ နတ္ေတာ္လျပည့္သည္လည္း အဂၤါၿဂိဳဟ္ႏွင့္ တထပ္တည္း က်ေရာက္ေနျခင္းေၾကာင့္ ဒီဇင္ဘာ (၈) ရက္ေန႔ မွာ လဟာ အဂၤါၿဂိဳဟ္ကို ဖုံးကြယ္သြားမွာ ျဖစ္ပါတယ္။ (ျမန္မာႏိုင္ငံမွာေတာ့ လႏွင့္ ၿဂိဳဟ္ နီးကပ္ျခင္းကိုသာ ျမင္ရမွာျဖစ္ၿပီး ဖုံးကြယ္ျခင္းျဖစ္စဥ္ကိုေတာ့ မျမင္ရႏိုင္ပါ။)
ၾကယ္မိုးတို႔၏ ဘုရင္လို႔ တင္စားေခၚဆိုေလ့ရွိတဲ့ ေမထုန္ရာသီၾကယ္မိုး (Geminid Meteor Shower) ကေတာ့ ဒီဇင္ဘာလ ၁၃ ည (၁၄ မနက္) မွာ အမ်ားဆုံး က်ဆင္းမွာျဖစ္ပါတယ္။ ေမထုန္ရာသီဟာ လက္ရွိ အဂၤါၿဂိဳဟ္ေရာက္ေနတဲ့ ၿပိသရာသီနဲ႔ နီးလို႔ ရွာေဖြရလြယ္ကူပါတယ္။ ပုံမွန္အားျဖင့္ နံနက္ခင္း (၂) နာရီခန္႔မွာ အမ်ားဆုံးက်ဆင္းေလ့ရွိၿပီး တစ္နာရီကို အလုံး ၁၂၀ ခန္႔ က်ဆင္းႏိုင္ပါတယ္။
ဒီဇင္ဘာလ ၂၂ ရက္ေန႔ နံနက္ ၄ နာရီ ၁၃ မိနစ္မွာေတာ့ ကမာၻ႔ ေတာင္ယဥ္စြန္းတန္းေပၚသို႔ ေနေရာင္ျခည္တည့္မတ္စြာ က်ေရာက္ျခင္းႏွင့္အတူ ေဆာင္းရာသီသို႔ ကူးေျပာင္းျခင္းျဖစ္စဥ္ ျဖစ္ေပၚမွာပါ။ ဒကၡိဏ (ေတာင္) ယဥ္စြန္းျခင္း လို႔လည္း ေခၚဆိုၾကပါတယ္။ က်ေနာ္တို႔ ေနထိုင္ရာ ေျမာက္ကမာၻျခမ္းမွာ ေန႔တာတိုၿပီး ညတာ ရွည္လာေတာ့မွာပါ။
အျခားျဖစ္စဥ္ေတြမွာေတာ့ ညေနၾကယ္ (ဗီးနပ္စ္) (ခ) ေသာၾကာၿဂိဳဟ္ဟာ ေန ရဲ႕ အေနာက္ဘက္ကေန ျပန္ထြက္လာေတာ့မွာျဖစ္လို႔ ဒီဇင္ဘာ လကုန္ရက္မ်ားမွာ ဗီးနပ္စ္ၿဂိဳဟ္ကို အေနာက္အရပ္မွာ စ ျမင္ေတြ႕ရေတာ့မွာပါ။
ညဦးပိုင္းအခ်ိန္မွာ လင္းလက္စြာျမင္ေနရတဲ့ ဂ်ဴပီတာ (ခ) ၾကာသပေတးၿဂိဳဟ္ ကေတာ့ ဒီဇင္ဘာ ၂ ရက္ နဲ႔ ၂၉ ရက္တို႔မွာ လ နဲ႔ နီးကပ္စြာ ရွိေနပါမယ္။ ဗုဒၶဟူးၿဂိဳဟ္ (မာက်ဴရီ) ကိုလည္း ညေနခင္း ေနဝင္ၿပီးစ အခ်ိန္မ်ားမွာ ေသာၾကာၿဂိဳဟ္ (ဗီးနပ္စ္) ႏွင့္အတူ အေနာက္ဘက္ မိုးကုတ္စက္ဝိုင္းထိပ္မွာ ျမင္ေတြ႕ရႏိုင္ပါတယ္။ အနာဂတ္ပညာေရးအတြက္.. သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)
crd