အေထြေထြဗဟုသုတ

တန်ဆောင်မုန်းလပြည့်ည ၁၂ နာရီမှာ အကျိုးပေးမြန်သော ပံ့သကူပစ်ပါ

တန်ဆောင်မုန်းလပြည့်ည ၁၂ နာရီမှာ အကျိုးပေးမြန်သော ပံ့သကူပစ်ပါ

“အကျိုးပေးမြန်သော ပံ့သကူ´´

တန်ဆောင်မုန်းလပြည့်ည ၁၂ နာရီမှာ ပံ့သကူပစ်ပါ။ ကိုယ်တတ်နိုင်သည့် ပမာဏလေးကို စေတနာ များစွာဖြင့် ပံ့သကူပစ်ပါ။

ရရှိလာမည့်အကျိုးကို မမျှော်ကိုးပဲ ပစ်ပါ။

နောင်ဘဝရမည့်ကုသိုလ်၊ ယခုရမည့် ကုသိုလ် အသာထား ကြပ်တည်းနေကြတဲ့ အချိန်မှာ ကိုယ့်ပံ့သကူလေးကြောင့်

ရတဲ့သူပျော်သွားရင် ကိုယ်ပီတိဖြစ်ရတာက ချက်ခြင်းလက်ငင်းရတဲ့ အကျိုးကျေးဇူးပါ။

ငွေ ဖြစ်စေ၊ ဆန်အိပ်သေးသေးလေးဖြစ်စေ ပံ့သကူပစ်ပါသည်လို့ စာလေးရေးပြီး ပံ့သကူပစ်နိုင်ပါတယ်။

ရတဲ့သူလည်း လွတ်လွပ်စွာ ပျော်ရ ကိုယ်သည်လည်း ပုဂ္ဂိုလ်စွဲမရှိပဲ ဖြူစင်စွာလှူရလို့ ဘယ်လောက် ပီတိဖြစ်ရသလဲ…..

ကိုယ်လှူမယ့် ပစ္စည်းကို

၁။ အိတ်နဲ့ ထည့်မည်ဆိုလျှင် ကြွပ်ကြွပ်အိတ် အကြည်သုံးပါ။ (ဥပမာ။။ ဆန်တို့ သကြားတို့ ဆပ်ပြာမှုန့် စသဖြင့်)

၂။ ပိုက်ဆံဆိုလျှင်တော့ အိတ်မလိုပါဘူး။ စက္ကူ ပေါ်မှာ ပံ့သကူ ပစ်သည်လို့ရေးပြီး ပိုက်ဆံမှာ သရေကွင်းနဲ့လိပ်ပြီး ချည်ထားလိုက်ပေါ့။

အထူးအရေးကြီးတာက”ပံ့သကူပစ်ပါသည်” ဆိုတဲ့ စာလေးကပ်ထားပေးရမယ်။ ဒါမှ ရတဲ့သူတွေလည်း ဘေးကင်းပြီး သောက ကင်းစွာ ရယူနိုင်ကြမှာပါ။

(ရယူလို့ဖြစ်တဲ့ ပျော်ရွှင်ခြင်းထက် ပေးကမ်းလို့ရတဲ့ ပျော်ရွှင်မှုက ပိုပြီးပျော်ရွှင်ရပါတယ်လေ)

မေတ္တာများစွာဖြင့်

zawgyi

တန္ေဆာင္မုန္းလျပည့္ည ၁၂ နာရီမွာ အက်ိဳးေပးျမန္ေသာ ပံ့သကူပစ္ပါ

“အက်ိဳးေပးျမန္ေသာ ပံ့သကူ´´

တန္ေဆာင္မုန္းလျပည့္ည ၁၂ နာရီမွာ ပံ့သကူပစ္ပါ။ ကိုယ္တတ္ႏိုင္သည့္ ပမာဏေလးကို ေစတနာ မ်ားစြာျဖင့္ ပံ့သကူပစ္ပါ။

ရရွိလာမည့္အက်ိဳးကို မေမွ်ာ္ကိုးပဲ ပစ္ပါ။

ေနာင္ဘဝရမည့္ကုသိုလ္၊ ယခုရမည့္ ကုသိုလ္ အသာထား ၾကပ္တည္းေနၾကတဲ့ အခ်ိန္မွာ ကိုယ့္ပံ့သကူေလးေၾကာင့္

ရတဲ့သူေပ်ာ္သြားရင္ ကိုယ္ပီတိျဖစ္ရတာက ခ်က္ျခင္းလက္ငင္းရတဲ့ အက်ိဳးေက်းဇူးပါ။

ေငြ ျဖစ္ေစ၊ ဆန္အိပ္ေသးေသးေလးျဖစ္ေစ ပံ့သကူပစ္ပါသည္လို႔ စာေလးေရးၿပီး ပံ့သကူပစ္ႏိုင္ပါတယ္။

ရတဲ့သူလည္း လြတ္လြပ္စြာ ေပ်ာ္ရ ကိုယ္သည္လည္း ပုဂၢိဳလ္စြဲမရွိပဲ ျဖဴစင္စြာလႉရလို႔ ဘယ္ေလာက္ ပီတိျဖစ္ရသလဲ…..

ကိုယ္လႉမယ့္ ပစၥည္းကို

၁။ အိတ္နဲ႔ ထည့္မည္ဆိုလွ်င္ ႂကြပ္ႂကြပ္အိတ္ အၾကည္သုံးပါ။ (ဥပမာ။။ ဆန္တို႔ သၾကားတို႔ ဆပ္ျပာမႈန္႔ စသျဖင့္)

၂။ ပိုက္ဆံဆိုလွ်င္ေတာ့ အိတ္မလိုပါဘူး။ စကၠဴ ေပၚမွာ ပံ့သကူ ပစ္သည္လို႔ေရးၿပီး ပိုက္ဆံမွာ သေရကြင္းနဲ႔လိပ္ၿပီး ခ်ည္ထားလိုက္ေပါ့။

အထူးအေရးႀကီးတာက”ပံ့သကူပစ္ပါသည္” ဆိုတဲ့ စာေလးကပ္ထားေပးရမယ္။ ဒါမွ ရတဲ့သူေတြလည္း ေဘးကင္းၿပီး ေသာက ကင္းစြာ ရယူႏိုင္ၾကမွာပါ။

(ရယူလို႔ျဖစ္တဲ့ ေပ်ာ္႐ႊင္ျခင္းထက္ ေပးကမ္းလို႔ရတဲ့ ေပ်ာ္႐ႊင္မႈက ပိုၿပီးေပ်ာ္႐ႊင္ရပါတယ္ေလ)

ေမတၱာမ်ားစြာျဖင့္