News

လူ၁၀ယောက်ကို မှားယွင်းစီရင်မိတဲ့ ယင်းမာပင်မြို့နယ် PDF ခေါင်းဆောင်နှင့် အဖွဲ့ကို……..seemore

လူ ၁၀ ယောက်ကို ကိုယ့်သဘောနဲ့ ဆုံးဖြတ်ပြီး မှားယွင်းစီရင်မိတဲ့ ဖြစ်စဉ်တစ်ခု ယင်းမာပင်မြို့နယ်မှာ ဖြစ်ပွားတဲ့အပေါ် NUG က စုံစမ်းအရေးယူသွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ခေါင်းဆောင် ဗိုလ်သံမဏိနဲ့သူ့လက်အောက်ခံအဖွဲ့တို့ဟာ ကိုထိုက်မောင်အပါအဝင် လာဘို့ကျေးရွာသား (၆) ယောက်နဲ့ အခြား (၄) ယောက်တို့ကို မှားယွင်းစီရင်ခဲ့သော မှုခင်းတစ်ရပ်ပေါ်ပေါက်ခဲ့တာပါ။

အဲဒီဖြစ်ရပ်အပေါ် NUG ကသိရှိသွားပြီးတဲ့နောက် စုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်ခဲ့ရာမှာ –

(က) လာဘို့ရွာမှ ကိုထိုက်မောင်အပါအဝင် ကျေးရွာသား (၆) ယောက်ကို မှားယွင်းစွပ်စွဲ သတ်ဖြတ်ခဲ့ပြီး အဲဒီ (၆) ယောက်ဟာ Hero Tiger PDF အဖွဲ့ဝင်တွေဖြစ်နေတာကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း။

(ခ) ကျေးရွာသား (၆) ယောက်အပြင် မီးသတ်ရဲဘော် (၂) ယောက်၊ ယာဉ်မောင်းတစ်ဦးနဲ့ ခြေထောက်ဒဏ်ရာရတဲ့ မီးသတ်ရဲဘော်ကို ကူညီဖို့လိုက်ပါလာတဲ့ လူငယ်(၁)ယောက်တို့လည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ စစ်ဆေးတွေ့ရှိရကြောင်း။

(ဂ) အဲဒီလိုသတ်ဖြတ်မှုကို ယင်းမာပင်ဒေသ ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်သံမဏိရဲ့ လက်အောက်ခံ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်အချို့က ကျူးလွန်ခဲ့တာဖြစ်ကြောင်း။

(ဃ) ဒီလုပ်ရပ်ဟာ ဒေသခံကာကွယ်ရေးအဖွဲ့ (၂) ဖွဲ့အကြား နားလည်မှုလွဲမှား အငြိုးအတေးထားမှုတွေကို အကြောင်းပြုအခြေခံထားမှုကစတင်ခဲ့တာလို့ ကနဦးတွေ့ရှိကြောင်း စုံစမ်းဖော်ထုတ်ချက်တွေကို NUG က ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်ကျင့်ဝတ်နဲ့ စစ်သည်ကျင့်ဝတ်တွေကို ဖောက်ဖျက်ကျူးလွန်တဲ့အပေါ် အရေးယူမှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်ကနေ ဖော်ပြခဲ့ပါတယ်။

AKonThi

Unicode