kyar thi ya tha mya

ဒီမိုကရေစီအရေး ဦးဆောင်လမ်းညွှန်သူ ရွှေညဝါဆရာတော် ဆွမ်းခံကြွမှု ပြည်သူများစွာ ဆွမ်းထွက်လောင်း

ဒီမိုကရေစီအရေး ဦးဆောင်လမ်းညွှန်သူ ရွှေညဝါဆရာတော် ဆွမ်းခံကြွမှု ပြည်သူများစွာ ဆွမ်းထွက်လောင်း

ရန်ကုန်၊ နိုဝင်ဘာ ၁၉

အကြမ်းဖက်စစ်ကောင်စီက မတရား ဖမ်းဆီးထိန်းသိမ်းထားရာမှ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပြန်လည် လွှတ်ပေးလိုက်သည့် ရွှေညဝါဆရာတော်ကြီးသည် ယနေ့ ရန်ကုန်၊ လှည်းတန်းဘက်သို့ ဆွမ်းခံကြွပြီး ပြည်သူများစွာ ဆွမ်းလောင်း ထွက်ကြသည်ဟု သိရှိရသည်။

ယနေ့ နံနက်ပိုင်း လှည်းတန်းဈေး၊ လှည်းတန်းပတ်ဝန်းကျင်သို့ ဆရာတော် ကြီးက ဆွမ်းခံကျရာတွင် ပြည်သူများက ဆရာတော်ကြီးကို နှုတ်ဆက်ကြပြီး အားပါးတရ ဆွမ်းလောင်းလှူကြခြင်းဖြစ်ကြောင်း၊ ဆရာတော်ကြီးသည် ဘေးနားတွင် ကူညီဖေးမသူများဖြင့် ဆွမ်းခံထွက်ကြောင်း သိရှိရသည်။

“ဆရာတော်ကြီးကြည့်ရတာ သိပ်တော့ ကျန်းမာပုံမရပေမယ့် အကူနဲ့ ဆွမ်းခံထွက်လာတယ်။ ခြေထောက်တွေ ဖောနေတာတွေ့ပါတယ်။ စိတ်ဓာတ်ကတော့ ခိုင်ခိုင်မာမာပဲ ။ ဒကာဒကာမတွေကို နှုတ်ဆက်တယ်။

ဆွမ်းခံထွက်လာတယ်။ ဆရာတော်ကို ပြန်တွေ့ရတာ အင်မတန်မှ ဝမ်းသာပါတယ်။ ဆရာတော်သက်တော်ရာကျော်ရှည်ဖို့ ပြည်သူတွေက ဆုတောင်းကြတယ်။ ဆရာတော်ကလည်း ပြည်သူတွေကို ဆုတွေ ပြန်ပေးတယ်” ဟု ဆွမ်းလောင်းလှူခဲ့သည့် ပြည်သူတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ထင်ရှားသော နိုင်ငံရေးအကျဉ်းသား ၇၂ ဦးကို ပြန်လည် လွှတ်ပေးလိုက်ပြီး ယင်းတို့ထဲတွင် ဦးမြအေး၊ စာရေးဆရာ မောင်သာချို၊

ဒေါက်တာမျိုးညွှန့် ၊ ရှောင်တာနယ်၊ ဗစ်ကီ ဘိုးမန် အစရှိသည့် လူသိများ ထင်ရှားသော နိုင်ငံရေး ဦးဆောင်လှုပ်ရှားသူများပါဝင်လာခြင်းဖြစ်သည်။

crd

zawgyi

ဒီမိုကေရစီအေရး ဦးေဆာင္လမ္းၫႊန္သူ ေ႐ႊညဝါဆရာေတာ္ ဆြမ္းခံႂကြမႈ ျပည္သူမ်ားစြာ ဆြမ္းထြက္ေလာင္း

ရန္ကုန္၊ ႏိုဝင္ဘာ ၁၉

အၾကမ္းဖက္စစ္ေကာင္စီက မတရား ဖမ္းဆီးထိန္းသိမ္းထားရာမွ ႏိုဝင္ဘာလ ၁၇ ရက္ေန႔တြင္ ျပန္လည္ လႊတ္ေပးလိုက္သည့္ ေ႐ႊညဝါဆရာေတာ္ႀကီးသည္ ယေန႔ ရန္ကုန္၊ လွည္းတန္းဘက္သို႔ ဆြမ္းခံႂကြၿပီး ျပည္သူမ်ားစြာ ဆြမ္းေလာင္း ထြက္ၾကသည္ဟု သိရွိရသည္။

ယေန႔ နံနက္ပိုင္း လွည္းတန္းေဈး၊ လွည္းတန္းပတ္ဝန္းက်င္သို႔ ဆရာေတာ္ ႀကီးက ဆြမ္းခံက်ရာတြင္ ျပည္သူမ်ားက ဆရာေတာ္ႀကီးကို ႏႈတ္ဆက္ၾကၿပီး အားပါးတရ ဆြမ္းေလာင္းလႉၾကျခင္းျဖစ္ေၾကာင္း၊ ဆရာေတာ္ႀကီးသည္ ေဘးနားတြင္ ကူညီေဖးမသူမ်ားျဖင့္ ဆြမ္းခံထြက္ေၾကာင္း သိရွိရသည္။

“ဆရာေတာ္ႀကီးၾကည့္ရတာ သိပ္ေတာ့ က်န္းမာပုံမရေပမယ့္ အကူနဲ႔ ဆြမ္းခံထြက္လာတယ္။ ေျခေထာက္ေတြ ေဖာေနတာေတြ႕ပါတယ္။ စိတ္ဓာတ္ကေတာ့ ခိုင္ခိုင္မာမာပဲ ။ ဒကာဒကာမေတြကို ႏႈတ္ဆက္တယ္။

ဆြမ္းခံထြက္လာတယ္။ ဆရာေတာ္ကို ျပန္ေတြ႕ရတာ အင္မတန္မွ ဝမ္းသာပါတယ္။ ဆရာေတာ္သက္ေတာ္ရာေက်ာ္ရွည္ဖို႔ ျပည္သူေတြက ဆုေတာင္းၾကတယ္။ ဆရာေတာ္ကလည္း ျပည္သူေတြကို ဆုေတြ ျပန္ေပးတယ္” ဟု ဆြမ္းေလာင္းလႉခဲ့သည့္ ျပည္သူတစ္ဦးက ေျပာသည္။

ႏိုဝင္ဘာလ ၁၇ ရက္ေန႔တြင္ အၾကမ္းဖက္စစ္တပ္က ထင္ရွားေသာ ႏိုင္ငံေရးအက်ဥ္းသား ၇၂ ဦးကို ျပန္လည္ လႊတ္ေပးလိုက္ၿပီး ယင္းတို႔ထဲတြင္ ဦးျမေအး၊ စာေရးဆရာ ေမာင္သာခ်ိဳ၊

ေဒါက္တာမ်ိဳးၫႊန႔္ ၊ ေရွာင္တာနယ္၊ ဗစ္ကီ ဘိုးမန္ အစရွိသည့္ လူသိမ်ား ထင္ရွားေသာ ႏိုင္ငံေရး ဦးေဆာင္လႈပ္ရွားသူမ်ားပါဝင္လာျခင္းျဖစ္သည္။

crd