ေဗဒင္ယၾတာ
သောကြာ သားသမီးများအတွက်၂၀၂၃-ခုနှစ် မတ်လ(3) လပိုင်း အထူးဟောစာတန်း
သောကြာ သားသမီးများအတွက်၂၀၂၃-ခုနှစ် မတ်လ(3)လပိုင်း အထူးဟောစာတန်း
ဤလ သောကြာ သားသမီးများ အနာဂတ်အတွက် ကြိုတင်စဉ်းစားထားသည်များ လက်တွေ့ အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။နယ်ပြောင်းရခြင်း၊ဝင်ငွေကောင်းခြင်း၊လုပ်ငန်းများအောင်မြင်ခြင်းများ တိုက်ဆိုင်ကြုံတွေ့ရမည်ဖြစ်ပါသည်။ဘုရား
အနေကဇာတင်၊ရှင်ပြု၊နားသ၊စေ့စပ်၊လက်ထပ်၊ဝိဝါဟမင်္ဂလာ အ
ထမြောက်အံ့။
စက်ပစ္စည်း၊ငွေ၊ရွှေဝင်လိမ့်မည်။ကိုယ်ပိုင် လုပ်ငန်းလုပ်ကိုင်နေတဲ့အသိုင်းအဝိုင်းပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေးမရှိတာ၊ စိတ်ရှုပ်ရတာမျိုးတွေ၊ အထင်လွဲခံရတာမျိုးလေးတွေ ဖြစ်တက်ပါတယ်။
အလုပ်နှင့်ပတ်သက်ပြိး အကူအညီရအံ့။ အထောက်အပံရအံ့။မိမိပိုင်ပစ္စည်းပျောက်လျှင် ပြန်ရမည်။ယခင်က ဆုံးရှုံးခဲ့သော
အခွင့်အရေးများ၊ လုပ်ပိုင်ခွင့်များ ပြန်ရမည်။အိမ်ပြောင်း၊ နေရာ ပြောင်း အကျိုးမပေးပါ။သူတပါးကို အာမခံတာတွေ ရှောင်ပါ။
စီးပွားရေး…တိရိစ္ဆာန်ရောင်းဝယ်ခြင်း၊ရတနာရောင်းခြင်း၊ယာဉ် စက်ပစ္စည်းရောင်းဝယ်ခြင်း၊တိုက်ခန်းအရောင်းအဝယ်၊အသီးအနှံကုန်စိမ်း,ကုန်ခြောက်နှင့်သီးသစ်ဝံလံလုပ်ငန်းများ အကျိူးဖြစ်အံ့။
ဝါးလုပ်ငန်း၊ရေထွက်ပစ္စည်းလုပ်ငန်း၊အရည်ထွက်ကုန်ပစ္စည်းများ အကျိူးနည်း၍ ဆုံရှုံးမှုးများအံ့။ငွေရင်းများများဖြင့် အလုပ်မလုပ်သင့်ပါ။.ပြည်ပ အလုပ်ခွင့် အလုပ်အကိုင် ခေါ်ဆိုမှု အကျိူးရ ငွေအလုံးအခံရအံ့ သို့သောလည်း တစ်ပါးသူ၏ အနှောက်အယှက်ကြောင့် အကြံအစီးများပျက်စီးတတ်သည်။
လုပ်ငန်းကိစ္စအတွက် သောကြာ၊စနေ၊တနလ်ာသားသမီးများနှင့်တွဲဖက်ဆောင်ရွက်ပါ အကျိူးဖြစ်အံ့။ဥပဒေနှင့် မကင်းသော အလုပ်များ လုပ်ကိုင်နေသူများ အမှုအခင်းဖြစ်ကိန်း ရှိသည်။အနောက် အရပ်”နတ် -တိုက်ခန်း,အိမ်ပြောင်း၊ ရတနာစူးစမ်းရှာဖွေခြင်း၊ခွဲစိတ်ကုသမှု ခံယူခြင်း၊ ခရီးသွားရှောင့်သင့်၏။
ပညာရေး…ပညာရေနယ်ပယ်ကျယ်ပြန့်စွာ အောင်မြင်ပါလိမ့်မယ်။ပညာရေးနှင့်ပတ်သက်ပြီး သင်တန်းကိစ္စ၊ အင်တာဗျူးကိစ္စများ အောင်မြင်လိမ့်မည်။ ဖြေဆိုစရာမေးခွန်းများ စာတွေ့ လက်တွေ့ ဖြေဆိုနိုင်အံ့။ပညာရေးကျောင်းသူကျောင်းသားတွေအဖို့ အဖက်ဖက်က ဖိအားတွေ့ပေးတတ်ပါတယ်။
လူမှုရေးဆိုင်ရာ…
မထင်မှတ်ဘဲ သူတစ်ပါး၏အစွပ်စွဲခံရ တတ်သည်။အမွေအနှစ်ကိစ္စများငြင်းခုန်ရတတ်ခြင်းများကြုံတွေ့ရမည်။စာရင်းကွာဟမူ့တွေအတွက် ခေါင်းခဲရတက် ​စိုက်လျော်ရတတ်၏။ဘာသာရေးဆိုင်ရာအလုပ်များ ပေါ်ပေါက်လာရတတ်,လူမှုရေး အရူပ်အထွေးများ ရင်ဆိုင်ရအံ့။အောက်လက်ငယ်သား အိမ်ကထွက်သွားတတ်၏။ သူတစ်ပါးကိစ္စ ခေါင်းခံရှင်းရတတ်၏။
၂၀၂၃-ခုနှစ် မတ်လ (၁)ရက်မှ (၉)ရက်အထိ (ဗြဟ္မာ-လာဘ်ရအံ့) နှင့် (၁၇)ရက်မှ (၂၄)ရက်အထိ ( သိကြား-သာယာအံ့) ဧကန်ကောင်လှစွာ။ အကျိူးသက်ရောက်မှုကတော့…ရှင်ပြုနားသ၊စလွယ်တင်၊စေ့စပ် အထမြောက်ခြင်း,သတင်ကောင်းကြားရအံ့။ရပ်ဝေးမှ စာအဆက်အသွယ်၊ အချိတ်အဆက်ကောင်းများ ရောက်လာအံ့။ကြွေးဟောင်း မြေဟောင်း ပြန်လည်ရရှိအံ့။မိတ်ဆွေဟန်ဆောင်သူများနဲ့ဆုံရမည်။
ကာလအတန်ကြာကြန့်ကြာနေသည်များလက်ဝယ်ပြန်လည်ရရှိမည်။စီးပွားရေးကောင်းမည်။ကံကောင်းခြင်းများ ရရှိလာမည်။ငွေကတော့ အဖက်ဖက်က ဝင်နေမယ်။ငွေကြေးအခက်ခဲများပြေလည်မည်။လုပ်အားကြောင့်သာမက ကံကြောင့်ငွေဝင်မည်။
၂၀၂၃-ခုနှစ် မတ်လ(၁၀)ရက် မှ (၁၆)ရက် အထိ#( ဆင်-သေကြေအံ့/ဆင်၊သေဘေးမြင်၊. . .ဆင်ခြင်ကြကုန်ရာ။)? အကျိူးသက်ရောက်မှုကတော့…
မီး၊ လျှပ်စစ် နှင့် ပေါက်ကွဲစေနိုင်သော ပစ္စည်းများ ကိုင်တွယ်ရာတွင် သတိထားပါ။လူစုလူဝေး နှင့် ရုတ်ရုတ်သဲသဲဖြစ်မှုများတွင် ဝေးဝေးမှ ရှောင်လေ။
(၂၄)ရက် မှ (၃၁)ရက် အထိ#(နဂါး-ပျက်စီးအံ့/နဂါး၊ခံလေငြား၊ . စီးပွားပျက်တတ်စွာ။)? အကျိူးသက်ရောက်မှုကတော့…မိမိတတ်လမ်း အတားအဆီး အနှောက်ယှက် တစ်ခုခု ဝင်လာတတ်ပါသည့်။အခက်အခဲ အကြပ်အတည်းများ ရင်ဆိုင်ရနိုင်သည်။
(၁၀)ရက် နှင့် (၂၄)ရက် တွေ့မှ အနောက်အရပ် ခရီးဝေးသွားခြင်း သတိပြုပါ။မိမိ၏စိတ်ထဲတွင်တော့အဆိုးဒွန်တွဲ စိတ်လေ့စရာကြုံတွေးနေတတ်၏။လောင်းကစားလုပ်တာမျိုးလည်း လုံးဝမပြုသင့်ပေ။အလုပ်အကိုင်နှင့် ပတ်သက်ပြီး ခရီးမသွားသင့်ပါ။ခရီးသွားလျှင်လည်း အကြံအစည်များ ပျက်မည်။
အချစ်ရေးနှင့်အိမ်ထောင်ရေး…
သားသမီးကြောင့်စိတ်ချမ်းမြေ့ရမည်။ဘဝအတွက်အရေးပါသောအိပ်ထောင်ဖက်ရွေးချယ်ရခြင်း၊မေတ္တာဖက်ရွေးချယ်ရခြင်းများကြုံရမည်။အိမ်ထောင်ဖက် ချစ်ခင်ကြင်နာယုရမှု ရပြိး သတင်းကောင်းကြားအံ့။အထီးကျန်ဆန်သလို ခံစားနေရတက်၏။အိမ်ထောင်ရေး သာယာခြင်း,လက်ဆောင်ကြီးရရှိအံ့။
ဇာတိမတူ လူမျိုးမတူသူနဲ့ ဒီကာလအတွင်းဆုံဆည်းရတတ်ပါတယ်။ချစ်သူရည်းစား နှစ်ဦးနှစ်ယောက်စလုံး ညှိနိုင်းပီး ရှေ့ဆက်ပါ။မိမိချစ်သူ အနေအေး သွေးအေး နေတတ်တယ်။ကြားစကား ဘေးစကားများကြောင့် ဒုက္ခရောက်တတ်တယ်။
ချစ်သူမရှိသူတွေအဖို့ ချစ်သူရည်းစား လွယ်လွယ်မထားဖို့ လိုအပ်သည်။လူငယ်လူရွယ်များနှင့်ပျိူရွယ်သူများ ရေနှင့်နီးစပ်ရာ အပျော်ခရီသွား သတိပြုပါ။တစိမ်းမိန်းကလေးတွေနဲ့မပက်သက်ပါစေနဲ့ ။ အမျိုးသားများအဖို့ ငြိစွန်းလွယ်တဲ့ကာလမို့ပါ။
ဤလ သောကြာ သားသမီးများ ဤဂဏန်းရက်{၁-၁၀-၁၉-၂၈/၃-၁၂-၂၁-၃၀/၉-၁၈-၂၇}ရက် မွေးဖွားသူများ စီးပွားရေး,အိမ်ထောင်းရေး,ပညာရေးနှင့်လူမှုရေးများ ညံပါလိမ့်မည်။ကျန်းမာရေး အညံရှိပါတယ်။ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် အကျဥ်းအကြပ်ပြဿနာများ ကြုံတွေ့ရတတ်သည်။
အလုပ်များ၊ ရည်ရွယ်ချက်များ ရှေ့မဆက်နိုင်ဘဲ တို့လို့တန်းလန်းဖြစ်နေရတတ်သည်။ငွေကြေး စုဆောင်းမရခြင်း ငွေမမြဲခြင်း အဖက်မတင်ခြင်းဖြစ်လိမ့်မည်။သက်ကြီးရွယ်အိုး ကျန်းမာရေး ချူခြာမယ် ပြုစုစောင်ရအံ့။
အကြီးအကဲတချို့နဲ့ပါ အဆင်မပြေတက်။ငွေကြေးအတွက် ခေါင်းခဲသွားရလိမ့်မည်။အိမ်ထောင်သည့် မိတ်ဆွေများ စန်းကောင်းသောကြောင့် မိမိကိုယ်ကိုထိန်း စိတ်ကိုထိန်းသင့်။ချစ်သူ၏စိတ်ပြောင်းလဲမှုများအပေါ် နာလည်ရခက်လာမည်။
ပြည်ပသို့ ရောင်းဖောက်ကားသူများ လုပ်အကျိုးအမြတ်ဆုံးရှုံအံ့။ အဖမ်းအဆီး ပိတ်ပင်ခြင်းကြုံတွေ့ရအံ့။ငွေကြေးလုပ်ငန်း လုပ်ကိုင်သူတွေဆို လုံးဝအဆင်မပြေနိုင်ပါ။သတိပြုဖို့ လိုပါတယ်။အမွေအနှစ်ကိစ္စများငြင်းခုန်ရတတ်ခြင်းများကြုံတွေ့ရမည်။
ကျန်းမာရေး…ကျန်းမာရေးက ညံ့ပြီဆို ကြန့်ကြာမယ် ပြင်းထန်ပါမယ်။ကျန်းမာရေး လိုက်စားဖို့ ဂရုစိုက်ဖို့ပြောချင်ပါတယ်။
ယခုလတွင် ခရီးသွားခြင်းနှင့် လုပ်ငန်းကိစ္စရပ်များ အဆင်ပြေစေရန်အတွက် …နေအိမ်မှမထွက်မှီ အဝင်အထွက်(၃)ခါ ဆောင်ရွက်ပြီးမှသွားပါ ဗုဒ္ဓဟူး, ကြာသပတေး ထိုနေနံသားသမီးများ အကျိူး မပေး, လုပ်ငန်းသစ်လုပ်ခြင်းနှင့်ရင်းမြှုံနှံမှုများစတင်ခြင်းတို့ ရှောင့်သင့်၏။ထိုနေနံသားတွေ့က မိမိကို တိုက်ခိုက်ခြင်း၊ပြဿနာရှာ မကောင်းကြံခြင်းများ ကြုံတွေ့အံ့။
အရှေ့ အရပ်”လာဘ်၊ -အလုပ်လျောက်ခြင်း,တိုက်ခန်း,အိမ်ပြောင်း၊ ရတနာစူးစမ်းရှာဖွေခြင်း၊ခွဲစိတ်ကုသမှု ခံယူခြင်း ခရီးသွား ကောင်း၏။
ကံကောင်းစေသောအရောင် -အပြာနုရောင်နှင့်အဖြူရောင် ကိုဝတ်ဆင်ပါ/အကျိူးပေးဂဏန်း – {၂-၇-၆-၀}
ယတြာ – မိမိမွေးနေ့တွင် မိမိနေနံဂြိဟ်ဘုရား မှ အဖြူရောင်အဝတ်သစ် ဝတ်ဆင်လျှက် ( သစ္စာပန်း၊ သစ်ခွပန်း၊သရက်ညွှန့် ထိုအညွန်ထည့် တမျိူးယူ)ဒန်းညွှန့်၊ဇွန်ညွန့်၊ကံ့ကော်ညွန့် (၉)ညွန့် အတာအိုးဖြင့်ကပ်လှူပါ။လမ်းသွားရာ မရှိဆင်းရဲများအား တတ်နိုင်သလောက် အဟာရဒါနပြုပါ။
ဆရာကြီးမင်းသူရ(ဗေဒင်နှင့်လက္ခဏာ အထူးယတြာ)
zawgyi
ထမြောက်အံ့။
စီးပွားရေး…တိရိစ္ဆာန်ရောင်းဝယ်ခြင်း၊ရတနာရောင်းခြင်း၊ယာဉ် စက်ပစ္စည်းရောင်းဝယ်ခြင်း၊တိုက်ခန်းအရောင်းအဝယ်၊အသီးအနှံကုန်စိမ်း,ကုန်ခြောက်နှင့်သီးသစ်ဝံလံလုပ်ငန်းများ အကျိုးဖြစ်အံ့။
လူမှုရေးဆိုင်ရာ…
ကံကောင်းစေသောအရောင် -အပြာနုရောင်နှင့်အဖြူရောင် ကိုဝတ်ဆင်ပါ/အကျိုးပေးဂဏန်း – {၂-၇-၆-၀}