အေထြေထြဗဟုသုတ

မိတ်ဆွေ စိတ်ဓါတ်ကျခဲ့ရင် ဝါးပင်ရဲ့ (၃) စင်တီမီတာကို သတိရပါ…

မိတ်ဆွေ စိတ်ဓါတ်ကျနေသလား ဒါဆိုရင်တော့ ဥပမာ- ၃ စင်တီမီတာကို သတိရပါ…ဝါးပင်တစ်ပင်က ၃ စင်တီမီတာ ကြီးဖို့ ၄ နှစ်အချိန်ပေးရပါတယ်။

အဲ့ဒီ ၄ နှစ် နောက်ပိုင်းမှာတော့ ဝါးပင်တစ်ပင်ဟာ ၁ ရက် ကို ၃၀ စင်တီမီတာ အထိ ကြီးထွားနိုင်ပါတယ်။

၎င်း ပင်ဟာ ၄၂ ရက်အတွင်း ၁၅ မီတာ လောက်အမြင့်ကို ရောက်နိုင်တယ်။

ဒါဟာ ဘာလို့လဲဆိုတော့ ပထမဆုံး ၄ နှစ် မှာ အဲ့ဒီဝါးပင်က အမြစ်မှာ အခြေခိုင်အောင် အားစိုက်နေလို့ပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ ကိုယ်လုပ်သမျှ အကျိုးရလာဒ် မမြင်ရတဲ့ချိန်မှာ ကိုယ်ကြိုးစားသလောက် အရာမထင်ဘူးလို့ ထင်တဲ့ချိန်မှာ ဝါးပင်လေးကို သတိရစေချင်ပါတယ်။

ကိုယ်က ၁၀ မီတာ မြင့်ချင်ရင် ၁၀ မီတာအတွက် အခြေခိုင်အောင်လုပ်ရမယ်။ အဲဒီတော့ အချိန်က ၁ နှစ် ကြာချင်ကြာမယ်ပေါ့။

ကိုယ်က ၁၀၀ မီတာ မြင့်ချင်ရင် ၁၀၀ မီတာ အမြင့်ကိုခံနိုင်တဲ့ အခြေခံရှိရမယ်လေ။ အဲဒီတော့ ၁၀ နှစ် အချိန်ပေးရင် ပေးရမယ်။

ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်း အကျိုးမြတ် မမြင်ရရင်လဲ စိတ်ဓာတ်ကျပြီးတော့ နောက်မဆုတ်ပါနဲ့လို့ မိတ်ဆွေတို့ကို ပြောချင်ပါတယ်။

ကိုယ်သာအခြေခိုင်အောင် အမြစ်ပွား၊ ကြိုးစားနေသ၍ တစ်ရက်မှာ အမြင့်ကို ရောက်နိုင်ပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ လူအများစုက အဲ့ဒီ ၃ စင်တီမီတာ ကနေ မကျော်နိုင်ကြပါဘူး။ အဲ့ဒါကြောင့် ကျရှုံးသူက အောင်မြင်သူထက် များနေတာပေါ့ ။

ကိုယ့်ရဲ့ ၃ စင်တီမီတာ ကို ကျော်ဖြတ်နိုင်ရင်တော့ သင်က အမြင့်ကိုမကြာခင် ရောက်မယ့်သူ ဖြစ်ပါတယ်။

စိတ်ဓာတ်ကျရင် ၃ စင်တီမီတာ ကိုသတိရပါ ။ငါ့ရဲ့ ၃ စင်တီမီတာ ပဲလို့ ပြောပြီး အားအင်ပြန်ပြည့်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

လေးစားစွာဖြင့်

မိတ္ေဆြ စိတ္ဓါတ္က်ေနသလား ဒါဆိုရင္ေတာ့ ဥပမာ- ၃ စင္တီမီတာကို သတိရပါ…ဝါးပင္တစ္ပင္က ၃ စင္တီမီတာ ႀကီးဖို႔ ၄ ႏွစ္အခ်ိန္ေပးရပါတယ္။

အဲ့ဒီ ၄ ႏွစ္ ေနာက္ပိုင္းမွာေတာ့ ဝါးပင္တစ္ပင္ဟာ ၁ ရက္ ကို ၃၀ စင္တီမီတာ အထိ ႀကီးထြားႏိုင္ပါတယ္။

၎ ပင္ဟာ ၄၂ ရက္အတြင္း ၁၅ မီတာ ေလာက္အျမင့္ကို ေရာက္ႏိုင္တယ္။

ဒါဟာ ဘာလို႔လဲဆိုေတာ့ ပထမဆုံး ၄ ႏွစ္ မွာ အဲ့ဒီဝါးပင္က အျမစ္မွာ အေျခခိုင္ေအာင္ အားစိုက္ေနလို႔ပဲျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီေန႔ ကိုယ္လုပ္သမွ် အက်ိဳးရလာဒ္ မျမင္ရတဲ့ခ်ိန္မွာ ကိုယ္ႀကိဳးစားသေလာက္ အရာမထင္ဘူးလို႔ ထင္တဲ့ခ်ိန္မွာ ဝါးပင္ေလးကို သတိရေစခ်င္ပါတယ္။

ကိုယ္က ၁၀ မီတာ ျမင့္ခ်င္ရင္ ၁၀ မီတာအတြက္ အေျခခိုင္ေအာင္လုပ္ရမယ္။ အဲဒီေတာ့ အခ်ိန္က ၁ ႏွစ္ ၾကာခ်င္ၾကာမယ္ေပါ့။

ကိုယ္က ၁၀၀ မီတာ ျမင့္ခ်င္ရင္ ၁၀၀ မီတာ အျမင့္ကိုခံႏိုင္တဲ့ အေျခခံရွိရမယ္ေလ။ အဲဒီေတာ့ ၁၀ ႏွစ္ အခ်ိန္ေပးရင္ ေပးရမယ္။

ဒါေၾကာင့္ ကိုယ္ႀကိဳးစားသေလာက္ ခ်က္ခ်င္း အက်ိဳးျမတ္ မျမင္ရရင္လဲ စိတ္ဓာတ္က်ၿပီးေတာ့ ေနာက္မဆုတ္ပါနဲ႔လို႔ မိတ္ေဆြတို႔ကို ေျပာခ်င္ပါတယ္။

ကိုယ္သာအေျခခိုင္ေအာင္ အျမစ္ပြား၊ ႀကိဳးစားေနသ၍ တစ္ရက္မွာ အျမင့္ကို ေရာက္ႏိုင္ပါလိမ့္မယ္။

ဘာျဖစ္လို႔လဲဆိုေတာ့ လူအမ်ားစုက အဲ့ဒီ ၃ စင္တီမီတာ ကေန မေက်ာ္ႏိုင္ၾကပါဘူး။ အဲ့ဒါေၾကာင့္ က်ရႈံးသူက ေအာင္ျမင္သူထက္ မ်ားေနတာေပါ့ ။

ကိုယ့္ရဲ႕ ၃ စင္တီမီတာ ကို ေက်ာ္ျဖတ္ႏိုင္ရင္ေတာ့ သင္က အျမင့္ကိုမၾကာခင္ ေရာက္မယ့္သူ ျဖစ္ပါတယ္။

စိတ္ဓာတ္က်ရင္ ၃ စင္တီမီတာ ကိုသတိရပါ ။ငါ့ရဲ႕ ၃ စင္တီမီတာ ပဲလို႔ ေျပာၿပီး အားအင္ျပန္ျပည့္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

ေလးစားစြာျဖင့္